ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီ သတင်းဌာနရဲ့ ကိုယ်ပွား တခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ သတင်း အချက် အလက် တွေကို ဧရာဝတီ သတင်းဌာနက တဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေ ပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ် သတင်းတွေကို ပရိသတ် တွေဆီ ပိုမိုပေးနိုင်ဖို့ အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ် လိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်မှာ ဘလော့ဂ်ကို စတင်ပါတယ်။
ဧရာဝတီ ဘလော့ဂ်ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။

Wednesday, May 23, 2012

ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ



ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သိထားသင့်သည့် ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ကြိမ် မိမိတို.အလုပ်လုပ်ရာ နယ်မြေရှိ လူဝင်မှု.ကြီးကြပ်ရေး စခန်း(ထိုင်း) များတွင် သွားရောက်ကာ တိုင်ကြားကြရမည်ဖြစ်သည်။

သို.သော်မြန်မာအလုပ်သမားအများစုသည် အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်သွားခြင်းများကိုတွေ.ရှိရပြီး ထိုသို. ရက်ကျော်လွန်မှု.အတွက် ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ ဒဏ်ကြေးငွေ (၅၀၀၀) ဘတ် သတ်မှတ်ထားပြီး ဒဏ်ရိုက်လျှက်ရှိကြောင်းသိရသည်။

သတ်မှတ်ရက်မှာ ရက်(၉၀) ပြည့်ပြီး (၇) ရက် အထိ မပါဝင်ပဲ (၇)ရက်ထက်ကျော်လွန်သွားပါက ဒဏ်ငွေ (၅၀၀၀)ဘတ်ကို ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။

မည်သို.ဆိုစေ ထိုကဲ့သို. မြန်မာအလုပ်သမားများအပေါ် ကြီးမြင့်သော ဒဏ်ကြေးငွေများကို ဆောင်စေခြင်းသည် ထိုင်းရောက်မြန်မာတိုင်း ကြုံတွေ့ရသည် မဟုတ်သော်လည်း ကြုံတွေ.ရသူ မြန်မာအလုပ်သမားအနေနှင့် (၅၀၀၀) ဘတ်ဆိုသော ပမာဏမှာ ရှာဖွေရန်ခက်ခဲကြောင်း နှင့် မြန်မာအလုပ်သမားများအတွက် ကြီးမာသော ဒုက္ခ ဖြစ်ကြောင်း ထိုင်းတောင်ပိုင်းရှိ ရော်ဘာခြံအလုပ်သမားတစ်ဦးမှ ပြောသည်။

(ဖြေရှင်းရန်နည်းလမ်း)
မြန်မာအလုပ်သမားအနေနှင့် အထက်ဖော်ပြပါ ရက်(၉၀) တံဆိပ်တုံးထုခြင်း ရက်ကျော်လွန်ခဲ့ပါက

၁။ မိမိ တို. အလုပ်ရှင်အား အကူအညီတောင်းပြီး မိမိအပါအ၀င် လ၀က(တာမော) ရုံးသို. သွားရောက် ကာ ရက်ကျော်ရခြင်းအကြောင်းကို အလုပ်ရှင်မှ မေတ္တာရပ်ခံ ပြီး ပြောစေခြင်းဖြင့် ဒဏ်ကြေးငွေ လျှော့စေပါသည်။

မင်းလွမ်းနောင်(ပန်းတနော်)

သန်လျင်မှာလည်း စစ်တပ်သိမ်းမြေ ပြန်တောင်းပြီ


ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ စစ်တပ်က မိုက်ကြေးခွဲ သိမ်းယူထားတဲ့ မြေတွေကို လယ်သမားများက တောင်းဆိုနေကြပါပြီ။

ဒေသခံ လယ်သမားများရဲ့ ပြောဆိုချက်တွေထဲမှာ စစ်တပ်နဲ့ လယ်သမား ဆက်ဆံရေး၊ လယ်သမားတို့ရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေ ပါဝင်ပါတယ်။

လယ်တွေ သိမ်းထားတာ ၁၅ နှစ် ရှိပါပြီ တဲ့။




ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

၈၈ ရဲ့ အလုပ်သမားအရေး ပန်ကြားချက်

အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ကာလမှာ နိုင်ငံရေးအင်အားစုတခုဖြစ်တဲ့ ၈၈ မျိုးဆက်တွေဆီက ပန်ကြားချက်တခု ထွက်လာပါတယ်။

အကြမ်းဖက် ဆူပူတာ၊ အင်အားသုံးဖြိုခွင်းတာတို့ကို ၈၈ မျိုးဆက် အင်အားစုက လုံးဝ သဘောမတူပါဘူး၊ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းကြဖို့ပဲ လိုလားပါတယ် တဲ့။
ဒီမှာ http://3.bp.blogspot.com/-7OQvuA9CkAU/T7yRN0X1iLI/AAAAAAAAGmU/9EovDWTAyXg/s1600/88.jpg ဖတ်နိုင်ပါပြီ။

iphone ကို ကျော်ဖြတ်သွားနိုင်တဲ့ Samsung


တောင်ကိုရီယားနိုင်ငံရဲ့ နာမည်ကြီးနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Samsung က ထုတ်လုပ်လိုက်တဲ့ Galaxy S3 စမတ်ဖုန်းဟာ ၂၀၁၂ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး iphone ကိုကျော်လွှားနိုင်ခဲ့ပါတယ်။

အဆိုပါ စမတ်ဖုန်းကို မေလကုန်တဲ့အထိ အလုံးပေါင်း ၉ သန်းကျော် ရောင်းချပေးရန်အတွက် အမှာစာများကိုလဲ Samsung ကုမ္ပဏီက လက်ခံ ရရှိထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းကမှာ ထုတ်လုပ်ခဲ့တဲ့ Android ပါဝါသုံး Galaxy S3 ဟာ ကမ္ဘာ့ အရောင်းရဆုံးလည်း ဖြစ်ခဲ့ပြီး နောက်ပိုင်း sumsung ဟာ ကမ္ဘာ့ မိုဘိုင်းလ်ဖုန်းအရောင်းရဆုံး ကုမ္မဏီကြီး တစ်ခုလည်းဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ လ အနည်းငယ်က S3 ကို ရောင်းချခဲ့ရာမှာ စုစုပေါင်း အလုံးရေ ၁၀ သန်းထိ ရောင်းချနိုင်ခဲ့ပါတယ်။
Samsung ကုမ္ပဏီ ဟာ ကမ္ဘာအကြီးဆုံး စမတ်ဖုန်း ဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့ Apple ကို ကျော်တက်သွားနိုင်ခဲ့ပါ တယ်တဲ့။

S3 စမတ်ဖုန်းဟာ Samsung ကုမ္မဏီကနေ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ အမျိုးအစားတစ်ခုလဲ ဖြစ်ပါတယ်။ sumsung galaxy S3 ကိုအဖြူရောင်နဲ့ အပြာရောင် နှစ်မျိုးကိုသာ ထုတ်လုပ်ထားပါတယ်။

ရုပ်သံကြည်လင် ပြတ်သားမှုမှာ Apple ကနေ ထုတ်လုပ်ထားတဲ့ iphone ထက်ကို ကောင်းပါသတဲ့။ S3 မှာ Android ဆော့ဝဲလ် အမျိုးအစားကို အသုံးပြု ထားပါတယ်။
အွန်လိုင်းနည်းပညာ သတင်စာမျက်နှာတွင် မေလ ၂၂ ရက်နေ့ ကဖော်ပြထားပါတယ်။

ယခုအချိန်မှာတော့ ကမ္ဘာထိပ်သီး Apple ကို ကျော်ဖြတ်နိုင်တဲ့ လူကြိုက် အများဆုံး စမတ်ဖုန်း အမျိုးအစားဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။


သမ္မတ ဖြစ်ချင်တဲ့ မက်ဒေါနား



ကမ္ဘာကျော် ပေါ့ပ် အဆိုတော် မက်ဒေါနား တစ်ယောက် သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သူမအဖြစ်ချင်ဆုံးကတော့ အမေရိကန် ပြန်ထောင်စုရဲ့ သမ္မတ ဖြစ်ချင်ပါတယ်တဲ့။ သမ္မတ ဖြစ်ချင်ရခြင်းရဲ့ အကြောင်း ကတော့ ဖျက်ဆီးမှု စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ငွေကြေး ဖြုန်းတီးမှုတွေကို ရပ်တန့်စေချင်လိုပါတဲ့။

“You can't really change much in one day. I think I would like to be president for a longer time.” လို့ မက်ဒေါနားက ပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့လည်း သူက သမ္မတ ဖြစ်ချင်တာပါလို့ပြောတယ်။ စွမ်းအားကြီးမားတဲ့ လက်နက်တွေနဲ့ ပတ်သက်ပြီး ငွေကြေး တွေ ကုန်ဆုံးနေတာတွေကို မဖြစ်သင့်တော့ဘူးလို့ ထင်မိပါတယ်တဲ့။

အခုလိုကုန်ဆုံးနေမယ့် ငွေကြေးတွေအစား တခြား တဖက်မှာ အကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး၊ အနုပညာ လုပ်ငန်းတွေအပေါ်မှာ ပိုပြီး အကျိုးရှိအောင်လို့ သုံးစွဲ စေချင် ပါသတဲ့။

နောင်တချိန် သမ္မတ ဖြစ်လာခဲ့ရင် ဘာတွေကို အကျိုးရှိအောင်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး သတင်း သမား တစ်ဦးရဲ့ အမေးကို အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဒေါနား အဲဒီလိုဖြေကြားခဲ့တာကို The Indian Express အွန်လိုင်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။








သံတမန်များ ထားဝယ် စီးပွားရေးဇုန် လေ့လာ

ရန်ကုန်အခြေစိုက် သံတမန်တွေ တနင်္ဂနွေနေ့က ထားဝယ် အထူးစီးပွားရေးဇုန်ကို သွားရောက် လေ့လာကြတယ် လို့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။ စီမံကိန်း စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင် ကို သံတမန်တွေက ဗျူးကြတယ်လို့ ဆိုပါတယ်။

ထားဝယ်လေဆိပ်မှာ ကြိုဆိုသူများနဲ့ သံတမန်များ


ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားတွေ အားပေးတဲ့ အလုပ်သမားသမဂ္ဂ


ဘစောတင်

တနင်္လာနေ့က ကရင်ပြည်နယ် ဘုရားသုံးဆူဒေသ အလုပ်သမားသမဂ္ဂတခု ဖွဲ့စည်းသည့် အခမ်းအနားသို့ ထောက်လှမ်းရေးများ၊ နိုင်ငံရေးအဖွဲ့များ တက်ရောက် အားပေးကြသည်။

အ၀တ်အထည်နှင့် သားရေ အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းသည့် ထိုအခမ်းအနားတွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲအထူး သတင်းတပ်ဖွဲ့ (SB) တို့မှ တပ်ဖွဲ့ဝင်များ အားပေးစကား ပြောကြားခဲ့ကြသည်။

ဘုရားသုံးဆူ မြို့နယ် NLD ဥက္ကဋ္ဌ ဦးသန်းလွင်၊ KNU မှ ဦးစောအောင်မြတ်၊ မွန်ပြည်သစ်ပါတီမှ ဗိုလ်ကြီး နီစိုး တို့က လည်း အမှာစကားများ အသီးသီး ပြောကြားကြသည်။

ယခင်က အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများကို လျှို့ဝှက် လုပ်ဆောင်ခဲ့ကြသော်လည်း ထို အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းသည့် အခမ်းအနားကို ဘုရားသုံးဆူမြို့ ဓမ္မဟေ၀န် ကျောင်းတိုက်တွင် လူသိရှင်ကြား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

´အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့ရယ်၊ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ထိုက်သင့်တဲ့ အခွင့်အရေးတွေ ရရှိဖို့၊ လုပ်အားခ မှန်မှန်ကန်ကန် ရရှိဖို့နဲ့ အလုပ်သမားတွေရဲ့ ဘ၀မြှင့်တင်ပေးဖို့ လုပ်ဆောင်သွားမယ်။ ပြီးတော့ အလုပ်သမားတွေရဲ့ သာရေး နာရေး ကိစ္စတွေမှာ ကျနော်တို့က ပါဝင်ကူညီ ဆောင်ရွက်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်´ ဟု ဥက္ကဋ္ဌ ကိုဝေဖြိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူ ဒေသမှ မြန်မာအလုပ်သမားများသည် ထိုင်းဘက်ခြမ်း ဘုရားသုံးဆူဒေသသို့ မနက်ပိုင်းတွင် အလုပ် ဆင်းပြီး ညနေပိုင်းတွင် မြန်မာဘက်ခြမ်းသို့ ပြန်အိပ်ကြသည်။ ထိုကဲ့သို့ အလုပ်လုပ်နေသော အလုပ်သမား အရေအတွက် ၇,၀၀၀ နီးပါး ရှိကြောင်း သိရသည်။

လွန်ခဲ့သောနှစ်က ထိုင်းဘက်ခြမ်း ဘုရားသုံးဆူဒေသရှိ ဖိနပ်စက်ရုံ အလုပ်သမားများနှင့် ထိုင်းလုပ်ငန်းရှင်များ ကြားတွင် မကျေမလည်ဖြစ်ကာ ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုစဉ်က အလုပ်သမားများဘက်မှ ရပ်တည်ပြီး ဦးဆောင်ခဲ့သူမှာ ယခုဖွဲ့စည်းလိုက်သော သမဂ္ဂ ဥက္ကဋ္ဌ ကိုဝေဖြိုး ဖြစ်သည်။

သမဂ္ဂကို တရားဝင်အဖွဲ့အစည်း ဖြစ်လာအောင် အစိုးရထံတွင် မှတ်ပုံတင်သွားမည်ဟု ဥက္ကဋ္ဌက ဆိုသည်။

သမဂ္ဂကို အဖွဲ့ဝင် ၃၀ ဖြင့် ဖွဲ့စည်းထားပြီး အတွင်းရေးမှူး ကိုအောင်မြင့်ဦး၊ ဘဏ္ဍာရေးမှူး မသီတာကျော်၊ အမှုဆောင်အဖွဲ့ဝင်များ အဖြစ် ကိုလွှမ်းမိုးနှင့် ကိုသက်နိုင်တို့ တာဝန်ယူထားသည်ဟု သိရသည်။

ကုသိုလ်ယူတတ်သူ


ဓာတ်ပုံ-ဖေ့စ်ဘုတ် ကနေကူးယူဖော်ပြလိုက်ပါတယ်

စားဝတ်နေရေးအတွက် နေ့စဉ်ရှာဖွေနေကြပေမယ့်..ဒီကားဆရာကြီးလို စီးပွားရှာရင်း ကုသိုလ်ရှာနိုင်ကြပါစေ။

ပင်လယ်သမုဒ္ဒရာ အလား ထင်မှားလောက်တဲ့ ရေကူးကန်


ချီလီနိုင်ငံက ရေကူးကန်ကြီးတခုဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အနက်ဆုံး ရေကူးကန်ကြီးအဖြစ် ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။



ချီလီ နိုင်ငံ၊ Algarrobo မြို့က ပစ္ဆိဖိတ် ကမ်းခြေမှာ တည်ဆောက်ထားတဲ့ San Alfonso del Mar အမည်ရ ရေကူးကန်ကြီး ဟာ ပင်လယ်၊ သမုဒ္ဒရာလား ထင်မှတ်မှားနိုင်ပါတယ်။ ရွက်လှေတွေ၊ မော်တော် ဘုတ်တွေ စီးပြီး အနားယူအပန်းဖြေဖို့ အတွက် တကယ့်ကို ပင်လယ်သမုဒ္ဒရာလို ခံစားရနိုင်ပါတယ်တဲ့။




ရေဂါလန်ပေါင်း ၆၆ သန်း ဖြည့်သွင်းရတဲ့ ဒီရေကူးကန်ကြီးဟာ ပစ္ဆိဖိတ် သမုဒ္ဒရာထဲက ရေတွေကို သန့်စင် သွင်းထုတ်ဖို့ ကွန်ပျူတာ စနစ်တွေသုံးပြီး စီမံထားတာဖြစ်သလို ဒီရေကူးကန်ကြီးကို ၅ နှစ်တာ အချိန်ယူ တည်ဆောက်ခဲ့ပြီး ကုန်ကျ စာရိတ်ကတော့ အမေရိကန်ဒေါ်လ ၁.၅ ဘီလျံတောင် ရှိခဲ့ပါတယ်။




ဧက ၂၀ ကျယ်ဝန်းတဲ့ ရေကူးကန်ကြီဟာ အိုလံပစ်ရေကူးကန်ပေါင်း ၂၀ ပေါင်းလိုက်တာနဲ့ ညီမျှပြီး အနက်ဆုံးနေရာက ၁၁၅ ပေရှိပါတယ်။ တနှစ်ကို ထိမ်းသိမ်းပြုပြင်စာရိတ်က အမေရိကန် ဒေါ်လာ ၂.၇ သန်းလောက် ကုန်ပါတယ်တဲ့။




တကယ့် အံ့ဘွယ် ရေးကူးကန်ကြီးတခုဖြစ်ပါတယ်။















ရှင်သန်ကြီးထွားလာတဲ့ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း (၂)



~

ကိုညီညီ


ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းတွေ များပြားလာပေမယ့် ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်တဲ့ လုပ်ငန်းကတော့အနည်းငယ်ပဲ ရှိနေသေးကြောင်း ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ကြသူများက ဆိုပါတယ်။

''သေချာတွေ့ရတာပေါ့နော်။ နာမည်ကြီးတိုင်း၊ ကြော်ငြာတာကောင်းတိုင်း ဝန်ဆောင်မှု ကောင်းတယ်လို့ ပြောလို့မရဘူး။ အန်တီတို့ ကတော့ အသေအချာ လေ့လာ စုံစမ်းပြီးမှ သွားတာဆိုတော့ အခက်အခဲ မရှိခဲ့ပါဘူး''ဟု ဗုဒ္ဓဂယာကို သွားရောက်ခဲ့တဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးကြီးတစ်ဦးက ရှင်းပြပါတယ်။

အိန္ဒိယနိုင်ငံကိုရောက်မှ အခက် အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့ အဖြစ်မျိုးတွေလဲ ရှိပါတယ်လို့ ဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းအများစုက ဆိုပါတယ်။

''အခက်အခဲဆိုတာ ရှိနိုင်တာ ပေါ့။ ဒီမှာတုန်းကပြောတော့ တစ် မျိုး၊ သူများနိုင်ငံရောက်မှ လုပ်ပေး တော့ တစ်မျိုးလုပ်တာတွေရှိပါ တယ်။ တချို့ မရိုးသားတဲ့ ကုမ္ပဏီ တွေက ခရီးသည်တွေဆီက ငွေပို တောင်းတာ၊ မြန်မာကျပ်ငွေနဲ့ အိန္ဒိယ ရူးပီးငွေ လဲလှယ်ပေးတဲ့နေရာမှာ မရိုးမသားလုပ်တာ၊ ခရီးစဉ်မှာ ထည့် ပေးလိုက်တဲ့ ဧည့်လမ်းညွှန်ွကငိန တွေ မကျွမ်းကျင်တာ။ အဲဒီလိုအမျိုး မျိုး ကြုံရတာတွေလဲရှိပါတယ်''ဟု ဗုဒ္ဓဂယာ ဘုရားဖူး ပို့ဆောင်ရေးလုပ် ငန်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဦးမောင်မောင်အေးကလဲ -

''အတွေ့အကြုံနည်းတဲ့ ကုမ္ပဏီ တွေကျတော့ ခရီးသည်ကို ဝန် ဆောင်မှု ကောင်းကောင်းမပေးနိုင်ကြ ဘူး။ လမ်းခရီးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကိုလဲ မဖြေရှင်းပေးနိုင်ကြဘူး။ ဥပမာ- ကားပျက်တာမျိုးပေါ့။ ယာဉ်တိမ်း မှောက်လို့ ခရီးသည် သေဆုံးခဲ့ရတဲ့ အဖြစ်မျိုးတွေလဲ ရှိခဲ့ဖူးတယ်။ နောက်ပြီး သံဝေဇနိယ လေးဌာနကို ပို့ပေးမယ်လို့ ကတိခံထားပြီး လေး နေရာစလုံးရောက်အောင် ပို့မပေးကြတဲ့ လုပ်ငန်းတွေလဲရှိတယ်။ နီပေါနိုင်ငံ ထဲမှာရှိတဲ့ ဗုဒ္ဓဖွားမြင်ရာ လုဗ္ပနီလို နေရာမျိုးဆိုရင် အချိန်တိုင်းသွားလို့ရ တာမျိုးမဟုတ်ဘူး။ နီပေါနိုင်ငံထဲမှာ ပဋိပက္ခတွေဖြစ်နေရင် လုဗ္ပနီကိုသွားဖို့ ခက်ခဲသွားတယ်။ ကားတွေ ဝင်ခွင့် မပြုတော့တဲ့အချိန်တွေလဲရှိတယ်။ အန်ကယ်တို့ကတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ နီပေါနိုင်ငံထဲကို ရောက် အောင်ဝင်တာပဲ။ ဆိုက်ကားနဲ့ဖြစ်ဖြစ် ခရီးသည်တွေကို ရောက်အောင်ပို့ပြီး အချိန်မီ ပြန်ထွက်လာခဲ့တာပါပဲ။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး ပို့ ပေးရတာပေါ့။ တချို့ကတော့ အဲဒီ လိုမဟုတ်ဘူး။ အခြေအနေမကောင်း ရင် မပို့တော့ဘူး''လို့ ပြောပြပါ တယ်။

ဦးကျော်ဟိန်းကလဲ-

''ဝန်ဆောင်မှုညံ့တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ တချို့ကုမ္ပဏီတွေ ကလဲ ငွေလဲလှယ်တဲ့ နေရာတွေမှာ မရိုးမသား လုပ်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ ငွေလဲတဲ့ကိစ္စ မှာ ဝင်မပါဘူး။ အိန္ဒိယရောက်မှ ငွေလဲတဲ့သူနဲ့ ချိတ်ဆက်ပေးပါတယ်။ ကျေနပ်ရင်လဲ၊ မကျေနပ်ရင် မလဲနဲ့ပေါ့။ ခရီးသည်သဘောပါပဲ။ မှန်မှန်ကန်ကန်လဲပေးတဲ့ နေရာတွေ ကိုတော့ ပို့ပေးပါတယ်။ အကယ်၍ ခရီးသည်က မြန်မာပြည် ပြန်ရောက် လာလို့ သူ့လက်ထဲမှာ အိန္ဒိယ ရူးပီး ငွေတွေပါလာရင်လဲ ပေါက်ဈေးနဲ့ ပြန်ဝယ်ပေးပါတယ်။ ခရီးသည်ကို မြန်မာငွေပေးလိုက်တာပေါ့''လို့ ရှင်း ပြပါတယ်။

''ခရီးသည်ရဲ့ ကျန်းမာရေးကိုတော့ ကျွန်တော်တို့က အထူး ဂရု စိုက်ပေးပါတယ်။ အိန္ဒိယရောက်မှ မကျန်းမာရင်လဲ ဆေးရုံ၊ ဆေးခန်းတွေကို ပို့ပေးပါတယ်။ ခရီးသည်ရဲ့ ကျန်းမာရေးလောက် အရေးကြီးတာ ဘာမှမရှိဘူးလို့ ကျွန်တော်တို့က ခံယူထားပါတယ်'' လို့လဲ ဦးကျော်ဟိန်းက ဆိုပါတယ်။

ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်မှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ် သက်ပြီး ခရီးသည်အများစုက စိုးရိမ် ပူပန်မှုရှိကြကြောင်း သိရပါတယ်။

''အသက်ကြီးနေပေမယ့် ဘုရားပွင့်တဲ့ နေရာဆိုတော့ အရောက် သွားချင်တာပေါ့။ တစ်ခုခုဖြစ်သွားမှာ လဲ စိုးရိမ်ပါတယ်။ နောက်ဆုံး မတော်တဆ သေသွားရင်တောင် ကိုယ့်တိုင်းပြည်မှာပဲ ကိုယ်သေချင် တာဆိုတော့ မသွားခင် ကတည်းက ပို့ပေးမယ့် ကုမ္ပဏီရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အသေအချာစုံစမ်း နေရတာပေါ့''လို့ ဗုဒ္ဓဂယာကို သွား ဖို့ စီစဉ်နေတဲ့ အသက် ၆၅ နှစ် အရွယ် အငြိမ်းစား အမျိုးသမီးဝန် ထမ်းတစ်ဦးက ပြောပြပါတယ်။

''မောင်နှမတွေရဲ့ ချွေးနည်းစာကိုစုပြီး အဖေ့ကို ဗုဒ္ဓဂယာ ပို့ပေး တာပါ။ အသက် ၂ဝ လောက်ရှိတဲ့ မောင်လေး အငယ်ပါတယ်ဆိုပေမယ့် သိပ်တော့ စိတ်မချဘူး။ အဓိက က တော့ ကျန်းမာရေးပေါ့။ ဒါကြောင့် ပို့ပေးမယ့် ကုမ္ပဏီရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အသေအချာ စုံစမ်း ပြီးမှ အဖေနဲ့ မောင်လေးကို ဗုဒ္ဓဂ ယာကိုပို့ပေးခဲ့တာပါ''လို့ အသက် ၂၉ နှစ်အရွယ် ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောပြပါ တယ်။

ဗုဒ္ဓဂယာကို ဘုရားဖူးသွားရင်း နှလုံးရောဂါကြောင့် လေယာဉ်ပေါ်မှာတင် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလဲ ရှိခဲ့ဖူးတာကြောင့် ခရီးသည်တွေက ကျန်းမာရေး စောင့်ရှောက်မှုကို အထူး အလေးထား ကြတာဖြစ်တယ်လို့လဲ ခရီးသွားကုမ္ပဏီ အများစုက ပြောဆိုပါတယ်။

''တချို့ကုမ္ပဏီတွေက ကျန်း မာရေး စောင့်ရှောက်မှု အားနည်းတာ တွေရှိပါတယ်။ ခရီးစဉ်မှာ ခရီးသည် တစ်ယောက်ယောက် တစ်ခုခုဖြစ်ရင် ဒီအတိုင်း ပစ်ထားခဲ့တာတွေလဲ ရှိ တယ်။ တချို့ဆိုရင် အိန္ဒိယမှာတင် ဒီအတိုင်းထားခဲ့တာ။ ကုမ္ပဏီဘက်ကတော့ ခရီးသည်မလိုက်နိုင်တော့ လို့ ထားခဲ့ရတာလို့ အကြောင်းပြတာပေါ့။ အဲဒီလို လူနာတွေကို အိန္ဒိယ မှာရှိနေတဲ့ မြန်မာဘုန်းကြီး တွေက ပြုစုစောင့်ရှောက်ပေးပြီး နေ ကောင်းမှ မြန်မာပြည်ပြန်ပို့ပေးခဲ့ရတဲ့ ဖြစ်စဉ်တွေလဲ ရှိတယ်လို့ အိန္ဒိယနိုင်ငံ က မြန်မာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းမှာ ရောက်ရှိနေတဲ့ မြန် မာအမျိုးသား တစ်ဦးက ပြောပြပါ တယ်။

ခရီးသည် အမျိုးသမီးတစ်ဦး ကတော့ -

''ကျွန်မတို့ကို ပို့ပေးတဲ့ ကုမ္ပဏီ ကတော့ ကျန်းမာရေး ကိစ္စနဲ့ ပတ် သက်ပြီး ဝန်ဆောင်မှုပေးတာ၊ တော်တော်လေး ညံ့တယ်။ ခရီးစဉ်မှာ ပါလာတဲ့ ခရီးသည်တစ်ယောက် အစာအိမ်ရောဂါဖြစ်လို့ ဗိုက်အောင့်တာကို ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း ပို့ဖို့မစီစဉ်ပေးနိုင်ဘူး။ သတ် မှတ်ထားတဲ့ ခရီးစဉ်ကို အဲဒီလူနာ ကိုပါခေါ်ပြီး ရောက်အောင်သွား တယ်။ ပြီးမှ ဆေးခန်းကိုပို့ပေး တယ်။ ပို့ပေးတဲ့ ဆေးခန်းကလဲ တကယ့် စုတ်တီး စုတ်ပြတ်ဆေးခန်း လေ။ တခြားခရီးသည်တွေ ဝိုင်းပြော မှ ဆေးရုံကြီးတစ်ခုကို ပို့ပေးတယ်။ ဒါတောင် မပို့ချင် ပို့ချင်နဲ့ ပို့ပေးတာ။ ဒီလိုအခက်အခဲတွေ ကြုံလာရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို ကြိုတင်စီစဉ်ထားတာ မရှိဘူး။ တကယ်တမ်း ထိခိုက်တော့ ခရီး သည်ပဲ ထိခိုက်ရတာ''လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ညံ့ ဖျင်းတာနဲ့အတူ တခြားစိတ်အနှောင့် အယှက်ဖြစ်စရာတွေနဲ့လဲ ကြုံရနိုင် တယ်လို့ဗုဒ္ဓဂယာကို ရောက်ရှိခဲ့သူ တချို့က ဆိုပါတယ်။

ဗုဒ္ဓဂယာက မြန်မာဘုန်းတော် ကြီး ကျောင်းတွေမှာ ခရီးသည်တွေ ပြည့်နေလို့ အပြင်မှာရှိတဲ့ ညစ်ပတ် နေတဲ့ ကုလားတည်းခိုခန်းတွေမှာ တည်းခိုခဲ့ရတာ။ ဘုန်းတော်ကြီး ကျောင်းတွေမှာ ထမင်းစားဖို့ အလု အယက် တိုးဝှေ့နေရတာ၊ ခရီးစဉ် မှာ ဘုရားတောင် ဦးမချရသေးဘူး၊ ကားပေါ်တက်ဖို့ အသံချဲ့စက်နဲ့ တရစပ်အော်ပြောတာ၊ ပါလာတဲ့ Guide တွေ မကျွမ်းကျင်လို့ ဒေသန္တရ ဗဟု သုတမသိခဲ့ရတာ စတဲ့ မရေမတွက် နိုင်တဲ့ အခက်အခဲ အကျပ်အတည်း မျိုးစုံကိုလဲ ကြုံရနိုင်တယ်လို့ ခရီး သည်အချို့က ပြောပြပါတယ်။

အခက်အခဲ အကျပ်အတည်း တွေ၊ အဆင်မပြေမှုတွေနဲ့ ကြုံရ တယ်ဆိုတဲ့နေရာမှာ ခရီးသည်တွေ ရဲ့ နားလည်ပေးမှု မရှိတာကလဲ အကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင် တယ်လို့ ဦးမောင်မောင်အေးက သုံးသပ်ပြောဆိုပါတယ်။

''ဗုဒ္ဓဂယာကို ပိုက်ဆံရှိတဲ့ သူ ဌေး တွေက အများဆုံးသွားကြတာ ပါ။ တချို့ကျတော့လဲ အိမ်သာဆိုရင် ဗိုလ်ထိုင်မှ တက်ချင်ကြတာလဲ ရှိ တယ်။ ဆိုတော့ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲဗျာ။ ကျွန်တော်တို့လဲ တတ်နိုင်သလောက် တော့ ဝန်ဆောင်မှု ပေးကြတာပါပဲ။ ခရီးသွားတာဆိုတော့ အခက်အခဲ ရှိနိုင်တာပေါ့။ ခရီးသွားကုမ္ပဏီ အများစုကတော့ နာမည်မပျက်အောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင် အောင်ကြိုးစားကြတာချည်းပါပဲ။ စုန်းပြူးတချို့ရှိကောင်း ရှိနိုင်ပေမယ့် အများစုကတော့ အကောင်းဆုံးဖြစ် အောင် စီစဉ်ဆောင်ရွက်ပေးကြပါ တယ်''လို့ ရှင်းပြပါတယ်။

ဒေါ်သီတာကတော့ -

ခရီးသည်များများရဖို့ပဲ အဓိ ကထား လုပ်ဆောင်လာကြတဲ့အခါ ဝန်ဆောင်မှုအပိုင်းမှာ အားနည်းချက် အချို့ရှိကောင်းရှိလာနိုင်တယ်လို့ သုံး သပ်ပါတယ်။

ဦးကျော်ဟိန်းကလဲ-

ခရီးသည်များများကို ခပ်စိပ်စိပ် ပို့မယ်ဆိုရင်တော့ ဝန်ဆောင်မှု အပိုင်း မှာ အားနည်းချက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဆိုးရွားညံ့ဖျင်းတဲ့ ဝန်ဆောင်မှု တွေကို တွေ့ကြုံခံစားခဲ့ရရင်တော့ ပို့ ပေးတဲ့ ကုမ္ပဏီကို သက်ဆိုင်ရာ ဌာနတွေမှာ တိုင်ကြားလို့ရတယ်လို့ လဲ သိရပါတယ်။

''ဝန်ဆောင်မှုညံ့ဖျင်းတဲ့ ကုမ္ပဏီ တွေကို ခရီးသည်တွေကတိုင်ကြ တယ်။ သာသနာရေးဝန်ကြီးဌာနတို့၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတို့ကို တိုင်ကြတာ။ တိုင်စာတွေမှ ထပ်နေ တာပဲ။ ကျွန်တော်တို့ ကုမ္ပဏီတောင် ပါသေးတယ်''လို့ ခရီးသွားကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

''မကျေနပ်ရင် တိုင်လို့ရတယ်။ တိုင်လဲ တိုင်နေကြတာပဲ။ သက် ဆိုင်ရာကတော့ အဆင့်ဆင့် အရေး ယူတယ်လို့ သိရပါတယ်။ ခရီးသည် က တိုင်လို့ ဖျက်သိမ်းရတဲ့ ကုမ္ပဏီ ဆိုတာကတော့
ကျွန်တော်သိရ သလောက် အခုအချိန်အထိ တစ်ခုမှ မရှိသေးဘူးလို့ ဦးကျော်ဟိန်းက ဆိုပါတယ်။

ဒေါ်သီတာကလဲ-

''မကျေနပ်ရင်တော့ တိုင်ကြ မှာပေါ့။ ဒါက ခရီးသည်ရဲ့ အခွင့် အရေးပဲလေ။ အတိုင်မခံချင်ရင်တော့ ဝန်ဆောင်မှုကိုကောင်းကောင်း လုပ် ပေးဖို့ပဲရှိတယ်'' လို့ သုံးသပ်ပါ တယ်။


အငြိမ်းစားအမျိုးသား ဝန်ထမ်း တစ်ဦးကလဲ-

''ဗုဒ္ဓဂယာကို တစ်ခေါက်ရောက် ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ငွေရှိရင်တောင် ကျန်းမာရေး ကောင်း ဦးမှ။ ငွေ ဆယ်သိန်း၊ ၁၅ သိန်း ဆိုတာကလဲ ရှိတဲ့သူတွေအတွက် အကြောင်း မဟုတ်ပေမယ့် မရှိတဲ့ သူ တွေအတွက်တော့ ဝန်ထုပ်ဝန်ပိုး တစ်ခုပဲ။ တချို့ဆိုရင် ကိုယ့်မိဘကို ဗုဒ္ဓဂယာရောက်စေချင်လွန်းလို့ ခြိုးခြံ ချွေတာပြီး ပို့ကြရတာဆိုတော့ ခရီး သွားကုမ္ပဏီတွေအနေနဲ့ ဝန်ဆောင်မှု ကို အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ပေးသင့်တယ်။ ငွေရဖို့ တစ်ခု တည်းကို မကြည့်သင့်ဘူး။ အတိုင် ခံရတာများတဲ့ ကုမ္ပဏီကိုလဲ ထိထိ ရောက်ရောက် အရေးယူသင့်တယ်။ လိုင်စင်ပါ ပိတ်ပစ်သင့်တယ်''လို့ အကြံပေးပြောဆိုပါတယ်။

ဒေါ်သီတာကလဲ -

''နယ်က ဦပဉ္စင်း လေးတစ်ပါး က သူ့မှာ စုထားတဲ့ငွေလေးနဲ့ သူ့ အဖေကို ဗုဒ္ဓဂယာပို့ချင်လို့ ဆိုပြီး အန် တီ့ဆီကို ဆက်သွယ်လာတယ်။ ဝန် ဆောင်မှု မကောင်းတဲ့ ကုမ္ပဏီ တွေရှိ တယ်လို့ သိရလို့ သေချာဂရုစိုက် ပေးဖို့မှာတယ်။ အန်တီလဲ အကောင်း ဆုံးဖြစ်အောင် စီစဉ်ပို့ဆောင်ပေးခဲ့ပါ တယ်။ ဒီအဖြစ်အပျက်ကိုကြည့်ပြီး ဗုဒ္ဓဂယာကိုသွားမယ့် ဘုရားဖူး ခရီး သည်တွေရဲ့ စိတ်ထဲမှာ ဝန်ဆောင် မှုမကောင်းတဲ့ ကုမ္ပဏီတွေနဲ့ ဆုံရ မှာကိုတွေးပြီး ကြောက်နေကြတယ် ဆိုတာ သိသာထင်ရှားပါတယ်''လို့ ပြောပြပါတယ်။

ရေခြား၊ မြေခြားအပြင် ငွေကုန် ကြေးကျလဲ များတဲ့ ဗုဒ္ဓဂယာ ဘုရား ဖူးခရီးစဉ်ကို စိတ်ချမ်းမြေ့စွာ သွား လာနိုင်ဖို့ ဘယ်လိုဆောင်ရွက်သင့်ပါ သလဲလို့ ဦးကျော်ဟိန်းကို မေး ကြည့် တော့ -

''အကောင်းဆုံးကတော့ ကိုယ် သွားမယ့် ခရီးသွား ကုမ္ပဏီရဲ့ အကြောင်းကို အတတ်နိုင်ဆုံး နှံ့နှံ့ စပ်စပ်လေ့လာဖို့ ပဲဗျ။ သေချာ အချိန် ယူပြီးတော့ကို စနစ်တကျ လေ့လာ ရမယ်။ လေ့လာပြီးလို့ စိတ်တိုင်းကျ ပြီဆိုရင်တောင် သူတို့ကုမ္ပဏီကို သွားပြီး ကိုယ်လိုချင်တာ ဖြစ်ချင်တာ သူ တို့ဘက်က ဆောင်ရွက်ပေးနိုင်တာ တွေကို အသေအချာ ညှိနှိုင်းရမယ်။ နှစ်ဦးနှစ်ဘက် သဘောတူရင် အဲဒီ သဘောတူညီချက်တွေကို စာရွက် ပေါ်မှာချရေးပြီး နှစ်ဘက်လက်မှတ် ထိုးရမယ်။

စာချုပ်မဟုတ်ရင်တောင် စနစ် တကျ စီစဉ်ဆောင်ရွက်ထားတဲ့စာ ရွက်ပေါ်က သဘောတူညီချက်မျိုး ဖြစ်ရမယ်။ အဲဒီလို သဘောတူညီ ချက်တွေရပြီးမှ သွားရင်တော့ အဆင် မပြေမှုတွေ နည်းနိုင်တယ်'' လို့ ပြော ပြပါတယ်။

ဦးမောင်မောင်အေးကတော့ -

''အတွေ့အကြုံရှိပြီး နာမည် ပျက်မရှိတဲ့ ကုမ္ပဏီတွေနဲ့ သွားသင့် တယ်လို့ အကြုံပြုလိုပါတယ်''

ဒေါ်ကေသီအောင်ကတော့ -

''စိတ်ချ ယုံကြည်ရပြီး ဝန် ဆောင်မှု ကောင်းတဲ့ကုမ္ပဏီကို ရွေး ချယ်စေချင်ပါတယ်။ ဈေးကြီးမှ ဝန်ဆောင်မှု ကောင်းတာ မဟုတ်သလို ဈေးသက်သာတိုင်းလဲ ဝန်ဆောင်မှု မညံ့ဘူးဆိုတာ မသွားခင်ခရီးစဉ် ကို စုံစမ်းကြည့်တဲ့အခါမှာ သိရှိနိုင်မှာဖြစ် ပါတယ်'' လို့ ဆိုပါတာယ်။

ဦးကျော်ဟိန်းနဲ့ ဒေါ်သီတာတို့ ကတော့ -

''ခရီးသည် နည်းနည်းနဲ့ အခေါက်ရေကျဲကျဲ ပို့ဆောင်ပေးတဲ့ ကုမ္ပဏီတွေကိုရွေးချယ်မှသာ ကောင်း မွန်တဲ့ဝန်ဆောင်မှုကို ရရှိနိုင်မှာဖြစ် တယ်''လို့အကြံပြုပြော ဆိုပါတယ်။

လက်ရှိအိန္ဒိယနိုင်ငံက မြန်မာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း မှာ သီတင်းသုံးနေထိုင်နေတဲ့ မြန်မာ ဆရာတော် တစ်ပါးရဲ့ ဗုဒ္ဓဂယာကို သွားရောက်ကြမယ့် မြန်မာနိုင်ငံသား တွေအတွက် အကြံပြုပြောဆိုပုံက အများနဲ့မတူတစ်မူထူးခြားနေပါတယ်။

ဆရာတော်က -

''ကိုယ့်ဘာသာသွားတာ အကောင်းဆုံးပဲ။ ဘယ်ခရီးသွား ကုမ္ပဏီကိုမှ အားမကိုးနဲ့။ ကိုယ့်အား ကိုယ်ကိုး။ ကိုယ့်ဘာသာ သွား။ နီး စပ်ရာ မိတ်ဆွေ ခြောက်ယောက် ခုနစ် ယောက်လောက်စုပြီးသွား။ ဗီဇာ လုပ်တာ၊ ပတ်စ်ပို့လုပ်တာ ဘာမှ မခက်ဘူး။ အခုဆို ပိုတောင် မြန်သေး တယ်။ လေယာဉ်လက်မှတ်ပဲ နည်း နည်းခက်မှာ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရင် ငွေကုန်ကြေးကျပိုပြီး သက် သာသလို စိတ်အေးချမ်းသာစွာနဲ့လဲ ဘုရားဖူးလို့ရတယ်။ အေဂျင်စီတွေနဲ့ သွားရင်တော့ သူတို့ စည်းကမ်းကို လိုက်နာရမှာပဲ။ သူတို့ ဘက်မှာလဲ အပြစ်မရှိဘူး။ လူအများနဲ့ဆိုတော့ ဒီလိုလုပ်မှပဲဖြစ်မှာ။ အဓိက အရေး ကြီးတာကတော့ အိန္ဒိယမှာ Guide လုပ်ပေးနိုင်မယ့် ပုဂ္ဂိုလ်နဲ့အဆက် အသွယ်ရဖို့ပဲ။ ဒါကလဲ ဘာမှ ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး။ အိန္ဒိယ ရောက်နေတဲ့ လူတွေရော၊ ရဟန်း တွေရော အများကြီးရှိနေပြီ။ သူတို့နဲ့ ဆက်သွယ်ပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားကြမယ်ဆိုရင် အေဂျင်စီ တွေကို ပေးရမယ့် ငွေကြေးထက် နှစ်သိန်း၊ သုံးသိန်းသက်သာမယ်။ စိတ်ချမ်းသာမှုလဲရမယ်။ ရောက်တဲ့ နေရာမှာ ဘုရားဖူးမှာလား၊ တရား ထိုင်မှာလား။ ကြိုက်တာလုပ်လို့ ရတယ်။ တစ်နေရာရာမှာ အကြာ ကြီးနေလို့ရတယ်။ အေဂျင်စီတွေနဲ့ သွားရင်တော့ ဒီလို အခွင့်အရေးမျိုး မရနိုင်ဘူး။ ဒီလိုပြောရတာကလဲ ခရီး သွားကုမ္ပဏီတွေကို ထိခိုက်နစ်နာ အောင်ပြောတာ မဟုတ်ဘူး။ ဗုဒ္ဓ ဂယာမှာ စိတ်အေးချမ်းသာစွာ ဘုရား ဖူးလို့ရအောင်ပြောပြရတာ ဘုရား ဖူးပို့ဆောင်ပေးတဲ့ ကုမ္ပဏီတွေမှာလဲ အားသာချက်တွေအများကြီး ရှိနိုင် တာပါပဲ။ ဗုဒ္ဓဂယာကို လာကြတဲ့ သူ တွေထဲမှာ မြန်မာတွေက အများဆုံး မဟုတ်ဘူး။ ထိုင်းတို့၊ တရုတ်တို့၊ ဗီယက်နမ်တို့၊ သီရိလင်္ကာတို့၊ ဂျပန် တို့၊ ကိုရီးယားတို့လဲလာကြတယ်။ သူတို့တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လာကြတာများတယ်။ သူတို့တောင် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဗုဒ္ဓဂယာကို လာနိုင်သေးရင် မြန်မာတွေက ဘာလို့ မလာနိုင်ရမှာလဲ။ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ ကမ္ဘာပတ်နေတဲ့ Tourist တွေလဲအများကြီးပဲ။ တချို့ဆို တစ်ယောက်ထဲ ကမ္ဘာပတ်နေကြ တာဆိုတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လာရင်လဲ ဖြစ်တယ်ဆိုတာကို မြန်မာတွေကို သိစေချင်ပါတယ်။ ပိုပြီး အဆင်ပြေချင်တယ်ဆိုရင်တော့ Internet ထဲမှာရှိတဲ့ ဗုဒ္ဓဂယာခရီးစဉ်နဲ့ ပတ်သက်တဲ့ Website တွေ၊ Bolg တွေကို လေ့လာသင့် တယ်။ ပြီးတော့ ဗုဒ္ဓဂယာသွားဖို့ အကောင်း ဆုံးအချိန်က မိုးရာသီပဲ။ ဗုဒ္ဓဂယာမှာ မိုးရွာ တယ်ဆိုရင် ဗွက်ပေါက်လောက်အောင် မရွာ ဘူး။ သွားလို့ လာလို့ အဆင်ပြေတယ်။ ရွာတယ်ဆိုရုံလေး ရွာတာ။ အညာမှာ ရွာသ လိုမျိုးရွာတာ။ နောက်တစ်ခုက မိုးရာသီဆို ရင် ဗုဒ္ဓဂယာမှာ ရှိတဲ့ မြန်မာဘုန်းတော်ကြီး ကျောင်းတွေမှာ တည်းတဲ့သူ နည်းသွားလို့ စိတ်အေးချမ်းသာစွာ တည်းခိုလို့ရတယ်။ အဲဒီ အချိန်ဆိုရင် လေယာဉ်လက်မှတ်ကလဲ အခက် အခဲမရှိတော့ဘူး'' လို့ အကြံပြု မိန့်ဆိုပါ တယ်။

အနာဂတ်ကာလမှာလဲ ဗုဒ္ဓဂယာကို သွားကြမယ့် မြန်မာခရီးသည်တွေ များပြားလာ နိုင်မှာဖြစ်ပေမယ့် လေယာဉ် အခက်အခဲရှိနေ တာကတော့ ခရီးသည်ရော၊ ခရီးသွားကုမ္ပဏီ တွေအတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စတစ်ခုအဖြစ် တည်ရှိနေပါသေးတယ်။

ဦးကျော်ဟိန်းက -

''လေယာဉ်လက်မှတ် အခက်အခဲရှိသလို၊ အိန္ဒိယ လေဆိပ်ရောက်ရင် ပေးရမယ့် စာရွက်စာတမ်းတွေကို လေယာဉ်ပေါ်မှာ မဝေဘဲ လေဆိပ်ရောက်မှ ငွေပေးပြီး ဝယ်နေရတာ ကလဲ ခရီးသည်တွေအတွက်ရော၊ ခရီးသွား ကုမ္ပဏီတွေအတွက်ပါ စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စရပ်တစ်ခုအဖြစ် တည်ရှိနေပါသေးတယ်။ ဒီကိစ္စကို သက်ဆိုင်ရာက အဆင်ပြေ အောင် ဆောင်ရွက်ပေးစေချင်ပါ တယ်''လို့ ဆိုပါတယ်။

အခက်အခဲအချို့ ရှိနေပေမယ့် လဲ ဗုဒ္ဓဂယာကို သွားရောက်ကြတဲ့ မြန်မာခရီးသည်အရေအတွက်က တော့ တစ်နေ့တခြား ပိုမိုများပြားလာ နေတယ်လို့ ခရီးသွားကုမ္ပဏီတွေက တညီ တညွတ်တည်း ပြောဆိုခဲ့ကြပါ ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

ဈေးကွက်ဂျာနယ် http://www.zaygwet.com မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံတွေကိုတော့ ဇာနည်မာန် ရေးသားတဲ့ သံဝေဇနိယ လေးဌာနနဲ့ သံဝေဂ ရစရာများ ဆောင်းပါးကနေ ယူပါတယ်။

ရှင်သန်ကြီးထွားလာတဲ့ ဗုဒ္ဓဂယာဘုရားဖူးလုပ်ငန်း (၁)

~

ကိုညီညီ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အများဆုံး သွားရောက် လည်ပတ်လေ့ ရှိကြတဲ့ ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းဟာ အရင်နှစ်တွေကထက် စာရင် အဆများစွာ တိုးတက်မှုရှိလာတယ်လို့ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်း အများစုက တညီတညွတ်တည်း ပြောဆိုကြပါတယ်။ ဘုရားဖူးခရီးသည်တွေ များလာတာနဲ့အမျှ ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းတွေလဲ တစ်နေ့တခြား များပြားလာတယ်လို့ သိပါတယ်။

လက်ရှိကာလ ရန်ကုန်မြို့ပေါ်မှာ ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင် ရေးလုပ်ငန်း ၄ဝ ကျော်ရှိနေပြီး နောက်ထပ် တိုးပွားလာမယ့် အနေအထားမှာ ရှိနေကြောင်း သိရပါတယ်။ ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်အဖြစ်၊ ခုနစ်ညအိပ် ရှစ်ရက်ခရီး။ ၁၁ ည အိပ် ၁၂ ရက်ခရီး၊ ၁၄ ညအိပ် ၁၅ ရက်ခရီး၊ ၁၇ ရက်အိပ် ၁၈ ရက်ခရီး စသည်ဖြင့် ပို့ဆောင်ပေးကြတာ ဖြစ်ပါတယ်။

ခရီးစရိတ်အနေနဲ့ ငွေကျပ် ၇.၅ သိန်း၊ ၈.၅ သိန်း၊ ၈ သိန်း၊ ၁ဝ သိန်း စသည်ဖြင့် အမျိုးမျိုးသတ် မှတ်ကြပါတယ်။ ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေးလုပ်ငန်းအများစုကတော့ နိုင်ငံကူးလက်မှတ် Passport ရှိသူ တွေကို သတ်မှတ်နှုန်းထားထက် ကျပ်ငါးသောင်းတိတိ လျှော့ချပေး လေ့ရှိကြောင်းသိရပါတယ်။

ခရီးသွား လုပ်ငန်းတွေအနေနဲ့ ခရီးသည်တွေ အတွက် နိုင်ငံကူးလက်မှတ် Passport ရရှိအောင် ဆောင်ရွက်ပေး ခြင်း၊ ပြည်ပထွက်ခွာခွင့် D.Form ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အိန္ဒိယနဲ့နီပေါနိုင်ငံတွေမှာ နေထိုင်ခွင့် (ဗီဇာ)ရရှိအောင် ဆောင်ရွက်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးကြပါ တယ်။ ထို့အတူ လေဆိပ်အခွန်၊ အသွား၊ အပြန် လေယာဉ်လက် မှတ်ခ၊ ဘုရားဖူးခရီးစဉ်အတွင်း တည်းခိုနေထိုင်စားသောက်စရိတ်၊ ဂိတ်ဝင်ကြေး စတာတွေကိုလဲ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေက အပြည့်အဝ တာဝန်ယူကြရပါတယ်။

''ရန်ကုန်ကနေ စထွက်ပြီး ပြန် ရောက်တဲ့ အချိန်အထိ ဘယ်လို အကြောင်းကြောင့်နဲ့မှ ငွေထပ် ကောက်တာမရှိပါဘူး။ သတ်မှတ်နှုန်း ထားကိုပဲ ကောက်ခံတာပါ။ မြန်မာပြည်ထဲမှာပဲဖြစ်ဖြစ်၊ အိန္ဒိယကိုရောက် နေရင်ပဲဖြစ်ဖြစ်၊ နီပေါကိုရောက်နေ ရင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းပြ ချက်နဲ့မှ ငွေထပ်မကောက်ပါဘူး၊ တခြား ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေး အဖွဲ့တွေလဲ ဒီလိုပဲဆောင်ရွက်ကြ တာများပါတယ်။ ငွေထပ်ကောက် တာမရှိကြပါဘူး''လို့ မဇ္ဈိမဂုဏ်၊ ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ် ငန်းက ဒေါ်သီတာက ရှင်းပြပါတယ်။

အရင်ကတော့ ဗုဒ္ဓဂယာကို ရန်ကုန်-မန္တလေး မြို့ကြီးတွေက ဗုဒ္ဓ ဘာသာဝင်တွေသာ အသွားများကြ တာပါ။ အခုတော့ အဲဒီလိုမဟုတ် တော့ပါဘူး။ မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေလဲ ဗုဒ္ဓ ဂယာကို အလွယ်တကူသွားရောက် လည်ပတ်နိုင်ကြပြီဖြစ်ပါတယ်။

''အရင်တုန်းကတော့ မြို့ကြီး ကလူတွေပဲ ဗုဒ္ဓဂယာကို သွားကြတာ များပါတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ နယ်ကလူတွေလဲ သွားကြတယ်။ နယ်ကလူတွေသွား လို့လာလို့ရအောင်လဲ ခရီးသွားလုပ် ငန်းတွေက ကူညီဆောင်ရွက်ပေးနိုင် ပြီဆိုတော့ နယ်ကလူတွေလဲ ဗုဒ္ဓ ဂယာကိုသွားကြတာပေါ့''လို့ ဒေါ်သီ တာက ရှင်းပြပါတယ်။

ရတနာမိုး ဗုဒ္ဓဂယာဘုရားဖူး ပို့ ဆောင်ရေးလုပ်ငန်းက ဒေါ်ကေသီ အောင်ကလဲ... ''အခုနောက်ပိုင်းမှာ နယ်ကနေ ဗုဒ္ဓဂယာကိုသွားတဲ့လူတွေ ပိုများလာ တယ်။ လူငယ်တွေလဲ ဗုဒ္ဓဂယာကို သွားကြတာရှိတယ်။ အရင်ကထက် အရင်ဗုဒ္ဓဂယာကိုသွားကြတဲ့ လူငယ် တွေ ပိုများလာတယ်''လို့ ပြောပြပါ တယ်။

မိဂါဒါဝုန် ခရီးသွားလုပ်ငန်းက ဦးကျော်ဟိန်းကလဲ ''အရင်ကထက်စာရင်တော့ ခရီးသည်များလာပါတယ်။ နယ်ကလူ တွေလဲ သွားကြပါတယ်''လို့ ဆို ပါတယ်။

နိုင်ငံရေးအခြေအနေနဲ့ ခရီးသည် အတက်အကျ ဆက်စပ်မှုရှိနိုင်ပါသ လားလို့မေးကြည့်တော့ ဦးကျော် ဟိန်းက ''ကျွန်တော်တစ်ဦးတည်း အမြင်အရ ပြောရရင်တော့ ဆက်စပ်မှု မရှိဘူးလို့ပဲ ပြောရမှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ နိုင်ငံရေးအခြေအနေ ကောင်းကောင်း မကောင်းကောင်း ခရီးသည်ကတော့ ရှိနေတာပဲ။ နိုင်ငံ ရေးအခြေအနေမကောင်းလဲ ဘုရားပွင့် တဲ့ဒေသဆိုတော့ လူတွေက သွားနေ ကြတာပါပဲ။ သွားလို့ရရင်တော့ သွားနေကြဦးမှာပါပဲ။ နိုင်ငံရေးအခြေ အနေနဲ့တော့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ ထင်ပါတယ်။ နိုင်ငံရေး အခြေအနေကောင်းလို့ စီးပွားရေးတွေ ပိုကောင်းလာရင်တော့ ခရီးသည်များ လာနိုင်ပါတယ်''လို့ ပြောပြပါတယ်။

ဒေါ်သီတာကတော့ နိုင်ငံရေး အခြေအနေကောင်းရင်တော့ ပြည်သူ တွေရဲ့ စီးပွားရေးတွေကောင်းလာတယ်။ ပြည်သူတွေစီးပွားရေးကောင်း လာရင်တော့ ဗုဒ္ဓဂယာသွားတဲ့ ဘုရား ဖူးတွေလဲ များလာနိုင်ပါတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

မဟာတိုးဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ က ဦးမောင်မောင်အေးကလဲ... နိုင်ငံရေးအခြေအနေနဲ့ ဘုရားဖူး အတက်အကျ ဆက်စပ်မှု မရှိပါဘူး။ နိုင်ငံရေးအခြေအနေ ကောင်းကောင်း မကောင်းကောင်း ဗုဒ္ဓဂယာကို သွားတဲ့ ဘုရားဖူးတွေကတော့ သွားနေ ကြတာပါပဲ။ အန်ကယ်တို့ဆိုရင် ဒီဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းကို ၁၉၉၅ ခုနှစ်က လုပ်ခဲ့ တာပါ။ အန်ကယ့်ဖို့ အတွေ့အကြုံ အရ ဆိုရင် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ခရီးသည်ကတော့ ရှိနေတာပဲ။ အခုနောက်ပိုင်းတော့ ပိုပြီးများလာ တာပေါ့''လို့ပြောပြပါတယ်။

အခုနောက်ပိုင်း ကာလမှာတော့ နယ်ကနေ ဗုဒ္ဓဂယာကို ဘုရားဖူးသွား ကြတဲ့ သူတွေလဲ တစ်နေ့တခြား များ ပြားလာတယ်လို့လဲ ဦးမောင်မောင် အေးက ပြောပြပါတယ်။ မန္တလေးကနေ ဗုဒ္ဓဂယာကို တိုက်ရိုက်ပို့ဆောင်ပေးရတဲ့ ခရီးစဉ် ကလဲ အောင်မြင်မှုရှိပါတယ်လို့ ဦးမောင်မောင်အေးက ဆိုပါတယ်။

နယ်က လူတွေ ဗုဒ္ဓဂယာကို သွားမယ်ဆိုရင် အဓိကလိုအပ်တာက နိုင်ငံကူးလက်မှတ် Passport ပါ။ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းအများ စုကတော့ နိုင်ငံကူးလက်မှတ်ရရှိ အောင်ကူညီပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ဒေါ်သီတာက '' Passport လုပ်မယ်ဆိုရင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနဲ့ မိတ္တူငါးစောင်၊ အိမ်ထောင်စုစာရင်း မူရင်းနဲ့မိတ္တူ ငါး စောင်၊ သံဃာနှင့် သီလရှင်များဖြစ် ပါက သာသနာဝင်ကတ်၊ ရဲစခန်းနဲ့ မြို့နယ် သံဃာနာယကအဖွဲ့တို့ရဲ့ ထောက်ခံစာ၊ အငြိမ်းစားဝန်ထမ်းဖြစ် ပါက ပင်စင်စာအုပ် သို့မဟုတ် အငြိမ်းစားခွင့်ပြုမိန့်၊ အမိန့်စာမူရင်း နှင့် မိတ္တူငါးစောင်၊ ဘွဲ့ရဖြစ်ပါက ပညာရေးကင်းရှင်းကြောင်းပုံစံ (၁၇) မူရင်း စတဲ့ စာရွက်စာတမ်းတွေကို ကျွန်မတို့ဆီ ပို့ပေးရမှာဖြစ်ပါတယ်။ ရန်ကုန်မှာ လာစောင့်နေဖို့ မလိုပါဘူး။ Passport ရမှ အကြောင်းကြားပေး မှာဖြစ်ပါတယ်''လို့ ရှင်းပြပါတယ်။

''ဗုဒ္ဓဂယာကိုသွားဖို့ နှစ်ရက် လောက်ကြိုတင်ပြီး ရန်ကုန်ကိုလာရ မှာပါ။ ရန်ကုန်မှာ တည်းခိုဖို့မရှိရင် တော့ ကျွန်မတို့အိမ်မှာပဲ ခရီးသည် တည်းခိုစေပါတယ်။ ထမင်းလဲ အလကားကျွေးထားပါတယ်။ ရဟန်း၊ သံဃာတော်တွေနဲ့ သီလရှင် တွေကိုတော့ သင့်တော်မယ့်ကျောင်းတိုက်တွေကို ပို့ပြီး ဆွမ်းပို့ပေးပါ တယ်။ အဲဒီအတွက် ငွေကြေးထပ် မံကောက်ခံတာ မရှိဘူး'' လို့လဲ ဒေါ်သီ တာကပြောပြပါတယ်။

ဦးကျော်ဟိန်းကတော့ ''နယ်ကလူတွေအတွက် တကူးတက စီစဉ်ပေးတာ မရှိပါဘူး။ Passport တွေ ဘာတွေလုပ်ဖို့ ရန်ကုန်ဆင်းလာရင်လဲ ကိုယ့်အစီ အစဉ်နဲ့ကိုယ် တည်းခိုနေထိုင်ရမှာပါ။ ကျွန်တော်တို့ကတော့ သီးခြားစီစဉ် ပေးတာမျိုးမရှိပါဘူး။ ခရီးထွက်ဖို့ ရန်ကုန်မြို့ရောက်ရင်လဲ ကိုယ့်အစီ အစဉ်နဲ့ကိုယ် တည်းခိုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က လုပ် ပေးနိုင်တာတစ်ခုပဲရှိပါတယ်။ ဗုဒ္ဓ ဂယာသွားမယ့်ခရီးသည် အယောက် ၃ဝ ထိရှိမယ်ဆိုရင်တော့ Passport ကိစ္စတွေအတွက် အဲဒီဒေသထိ လိုက် ပြီးဆောင်ရွက်ပေးပါတယ်။ အဲဒီလို ဆောင်ရွက်ပေးရတဲ့အတွက် အပို ကြေးပေးစရာမလိုပါဘူး။ သတ်မှတ် နှုန်းထားအတိုင်းပဲ ပေးချေရတာဖြစ်ပါတယ်'' လို့ ရှင်းပြပါတယ်။

''ကျွန်တော်တို့ကတော့ တစ်လ ကို တစ်ခေါက်ပဲ ပို့ပေးပါတယ်။ တစ်ခါပို့ရင် ၁၅ ယောက်၊ ၁၆ ယောက်ထက် ပိုပြီး မပို့ပါဘူး။ ခရီး သည် ငါးယောက်၊ ခြောက်ယောက်ပဲ ရှိလဲပို့ပေးပါတယ်။ ခရီးသည် နည်း လို့ ခရီးစဉ် ဖျက်သိမ်းရတာမျိုး ငွေပြန် အမ်းတာမျိုး မရှိပါဘူး''လို့လဲ ဦးကျော် ဟိန်းက ထပ်လောင်းပြောပြပါတယ်။

ဦးမောင်မောင်အေးကတော့ ''နယ်ကနေ ရန်ကုန်ရောက် လာရင်တော့ နေထိုင် တည်းခိုစား သောက်ဖို့ ကူညီပေးပါတယ်''လို့ ပြောပြပါတယ်။

''နယ်ကနေ ဗုဒ္ဓဂယာကို သွားရောက်ခဲ့တဲ့ ခရီးသည်အချို့ကတော့ ရန်ကုန်ရောက်မှတော့ ပို့ပေး မယ့် ခရီးသွား ကုမ္ပဏီတွေဆီမှာ တည်းခိုဖို့ အကူအညီမတောင်းဖြစ် တော့ပါဘူး။ ရန်ကုန်မှာ တစ်ရက် နှစ်ရက်ပဲနေရတာ ဆိုတော့ ကိုယ့်အစီ အစဉ်နဲ့ ကိုယ်ပဲ တည်းခိုဖြစ်ပါတယ်။ နယ်က ရန်ကုန်ကိုရောက် လာတဲ့အခါ တည်းခိုနေထိုင်ဖို့စီစဉ် ပေးရင်တော့ ပိုပြီးကောင်းတာပေါ့'' လို့ ပြောပြပါတယ်။

ဗုဒ္ဓဂယာ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းတွေက အိန္ဒိယနဲ့ နီပေါနိုင်ငံ တွေမှာရှိတဲ့ သံဝေဇနိယ လေးဌာနကို အဓိကထားပို့ပေးကြတာပါ။ သံဝေ ဇနိယလေးဌာနဆိုတာတွေကတော့ မြတ်စွာဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီ အင်ကြင်းတော၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော် ရရှိခဲ့တဲ့ ဗောဓိပင်နှင့် ရွှေပလ္လင်တည်ရှိခဲ့ရာ ဗုဒ္ဓဂယာ၊ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာ ဗရာဏသီမြို့ရှိ မိဂဒါဝုန်တောနဲ့ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုသည့် မာလ္လာမင်းတို့၏ အင်ကြင်းရဂုံကုသိနာရုံတို့ ဖြစ်ပါတယ်။

ဘုရားဖူး အများစုကတော့ ၁၇ ည အိပ် ၁၈ ရက်ခရီးစဉ်ကို ရွေးချယ် သွားရောက်လေ့ရှိကြောင်း သိရပါတယ်။

''ငွေ သုံးသိန်း၊ လေးသိန်း ပိုပေးရတာကို မကြည့်ကြတော့ဘူး။ အေးအေးဆေးဆေးလဲ ဖြစ်အောင် နေရာစုံလဲ ရောက်ဖူးအောင်၊ ရက်ရှည်ခရီးစဉ်ကို သွားကြတာများ တယ်''လို့ ဒေါ်သီတာကပြောပြပါ တယ်။

ဦးမောင်မောင်အေးကတော့ ''ခရီးစဉ်ရွေးချယ်တဲ့ နေရာမှာ တော့ ငွေကြေးအနည်းအများကို ကြည့်ပြီး ရွေးချယ်ကြတာ မဟုတ်ပါဘူး။ အချိန်ကိုကြည့်ပြီး ရွေးကြတာ များပါတယ်။

အချို့ကလဲ အချိန်မရ လို့ ခုနစ်ရက်ခရီးကို ရွေးချယ်ကြတာပါ။ ဖွား၊ ပွင့်၊ ဟော၊ စံလို့ခေါ်တဲ့ နေရာဌာန လေးခုကို အဓိကထား သွားကြတဲ့ လူတွေလဲရှိပါတယ်။ ၁၄ ရက်ခရီးကိုတော့ အချိန်ရော၊ ငွေကြေး ရော ဖောဖောသီသီ သုံးနိုင်တဲ့သူတွေ သွားကြတာများပါတယ်''လို့ ရှင်းပြ ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ဈေးကွက်ဂျာနယ် http://www.zaygwet.com မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံတွေကိုတော့ ဇာနည်မာန် ရေးသားတဲ့ သံဝေဇနိယ လေးဌာနနဲ့ သံဝေဂ ရစရာများ ဆောင်းပါးကနေ ယူပါတယ်။

ကြေးမုံမှာဖော်ပြတဲ့ KIA သတင်း


KIA သတင်းတွေကို အစိုးရသတင်းစာတွေမှာ အဆက်မပြတ် ဖော်ပြနေပါတယ်။
မနေ့က ဖတ်ရတာကတော့ ရှမ်းပြည်နယ် မူဆယ်မြို့အတွင်း ဖြစ်ပွားခဲ့တဲ့ သတင်းပါ။

ကား ၂ စီး ကို ဖျက်ဆီးတယ် တဲ့။

Tuesday, May 22, 2012

ရန်ကုန်မြို့ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲ ငြိမ်းချမ်းစွာ ပြီးဆုံး

အောင်သက်ဝိုင်း

(ဓာတ်ပုံများ - ဧရာဝတီ)

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က ပြုလုပ်ရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖယောင်းတိုင်ထွန်း လှည့်လည်လမ်းလျှောက် ခြင်းမပြုလုပ်ရန် တားမြစ်ကြောင်း သတင်းရရှိသည်။

မန္တလေး၊ မုံရွာအပါအ၀င် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ ကျင်းပပြုလျက်ရှိရာ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲ လူပေါင်း ၃၀ ခန့် စတင်ဆန္ဒပြကြောင်း၊ ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲကို ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်၊
အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုန်းလှ အပါအ၀င် လူ ၃၀ ကျော်က စတင်လာကြကြောင်း၊ ဆန္ဒပြပွဲစတင်ပြီး ငါးမိနစ်အကြာတွင် လုံခြုံရေးရဲများရောက်ရှိလာပြီး ဖယောင်းတိုင်မီးများမှုတ်ကြရန်နှင့် လမ်းလျှောက်ဆန္ဒပြခြင်းမလုပ်ရန် တားမြစ်ခဲ့ကြသည်။



ရန်ကုန်မြို့၊ မြို့တော်ခန်းမဘေး လက်ရွေးစင်လက်ဖက်ရည်ဆိုင်အနီးမှ စတင်ထွက်ခွာလာသော ဆန္ဒပြသူများကို လမ်း ၃၀ အလယ်ဘလောက်လမ်းထိပ်တွင်
လုံခြုံရေးရဲများက တားဆီးခဲ့ကြပြီး ဆန္ဒပြကြသူများကလည်း ရဲများနှင့် ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ဘဲ တားဆီးမှုကို လက်ခံခဲ့ကြသည်။

“ကျမတို့ကို ရဲမှူးက ပြောတာက ဖယောင်းတိုင်မှုတ်ပါ။ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ဆန္ဒပြတာမျိုး လုံးဝ ခွင့်မပြုဘူး။ အဲဒီတော့ ကျမတို့ကလည်း ဆူးလေဘုရားပေါ်မှာ မီးပူဇော်မယ် ဆိုပြီး ဘုရားပေါ်ပဲတက် ကြတယ်။ သူတို့က ဖယောင်းတိုင်ထွန်းပြီး လုံးဝ ရှေ့ဆက်သွားခွင့်မပြုဘူး” ဟု ဒေါ်နော်အုန်းလှက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် ကျောင်းသားခေါင်းဆောင်ကိုဟန်ဝင်းအောင်က မိမိတို့အနေနှင့် ဆန္ဒပြပွဲပြုလုပ်ရာတွင် အပြုသဘောဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန် အဓိက ထားလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့က အခု ရန်ကုန်အပါအ၀င် ကျနော်တို့ပြည်သူတွေ မီးမရဘူး။ မီးမရတဲ့အတွက် ကျနော်တို့ အပြုသဘောနဲ့ ဆန္ဒပြတာ။ ငြိမ်းငြိမ်းချမ်းချမ်းလုပ်တာ။ ထိပ်တိုက်ရင်ဆိုတာမျိုးတွေ ကျနော်တို့ မလုပ်ဖူး” ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက လမ်းလျှောက်ဆန္ဒပြရန် ခွင့်မပြုမှုကြောင့် ဆန္ဒပြကြသူများသည် ည ၇ နာရီ ၃၀ မိနစ်တွင် ဆူးလေဘုရားပေါ်တွင် ပြည်သူများ လျှပ်စစ်မီးပုံမှန်ရရှိရေး မီးပူဇော်ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဆန္ဒပြပွဲသို့ လူ ၃၀ ဖြင့် စတင်ခဲ့သော်လည်း ရန်ကုန်မြို့ခံပြည်သူရာပေါင်းများစွာ စုပြုံရောက်ရှိအားပေး ကြပြီး နောက်ပိုင်း သာမန်အရပ်သားပြည်သူများကိုယ်တိုင် ဆူလေးဘုရားရှေ့
ကားလမ်းမကြီးပေါ်တွင် ဖယောင်းမီးများထိန်းညှိုပြီး ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။



“အိမ်မှာ မီးမလာလို့ ရေမတင်ရဘူး။ လာပြန်တော့လည်း ဗို့အားက မပြည့်။ အခု ဖင်ဆေးစရာ ရေတောင် မရှိဘူး။ ကျနော်တို့က ခြောက်ထပ်တိုက် ခြောက်လွှာမှာနေတာ” ဟု ပြည်သူတစ်ဦးက ဆိုသည်။

ရဲများက ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲတွင် ပါဝင်လာသော ပြည်သူများကိုလည်း လမ်းလျှောက် ဆန္ဒပြခွင့်မပြုဘဲ ဆူးလေဘုရားအနီးတွင် ဆန္ဒပြခွင့်ပြုခဲ့သည်။

ဆန္ဒပြပွဲများသည် ည ၈ နာရီ ၃၀ မိနစ်တွင် ငြိမ်းချမ်းစွာဖြင့် လူစုခွဲ အဆုံးသတ်သွားခဲ့သည်။

ရန်ကုန်မှာလည်း ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြ

ယနေ့ ညပိုင်း ရန်ကုန်မြို့လယ် မြင်ကွင်းများ (photos by AP)

မန္တလေးမှာ အစပြုခဲ့တဲ့ လျှပ်စစ်မီး ရရှိရေး ဆန္ဒပြပွဲတွေက ရန်ကုန်ကို ရောက်ချလာပါပြီ။

ကြိုတင်ကြေညာထားတဲ့အတိုင်း ညပိုင်း ဖယောင်းတိုင်ထွန်းပြီး ရန်ကုန်မြို့လယ်မှာ ဆန္ဒပြရေး အစီအစဉ် အကောင်အထည် ပေါ်ခဲ့ပါတယ်။


ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ပေမယ့်၊ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု များပြားပေမယ့် ဗိုလ်ချုပ်ကြီးတွေ နှစ်ပေါင်းများစွာ လူတတ်ကြီးလုပ် အုပ်ချုပ်ခဲ့ခြင်းရဲ့ ရလဒ်အဖြစ် မြန်မာနိုင်ငံဟာ ဘယ်လိုအခြေအနေ ရောက်နေပြီလဲ ဆိုတာ
သိသာ ထင်ရှားနေပါပြီ။





နေပြည်တော်ကြီး ထိန်ထိန်ငြီးနေချိန် မြို့ကြီးမြို့ငယ်တွေဆီ အချိန်ပိုင်း ပေးနေတဲ့ လျှပ်စစ်ဓာတ်အား ပုံမှန် မရောက်တော့ပါဘူး။


ဒီည ရန်ကုန်မြို့လယ် ဆန္ဒပြသူတွေ ရှိရာကို လုံခြုံရေးအရာရှိတွေ ရောက်ရှိသွားပေမယ့် ရိုက်နှက်လူစုခွဲခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း သတင်းတွေ မကြားရပါဘူး။

မန္တလေးမှာလည်း တတိယမြောက်ညအဖြစ် ဖယောင်းတိုင်ထွန်း ဆန္ဒပြကြပါတယ်။


ရက်ပေါင်း ဘယ်လောက်ကြာအောင် ဆန္ဒဖော်ထုတ်မယ်၊ အာဏာပိုင်တွေက ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာတွေကို မသိရသေးပါဘူး။



လတ်တလောမှာတော့ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေး ဆန္ဒပြမှုတွေ မန္တလေး၊ မုံရွာ နဲ့ ရန်ကုန် အနည်းဆုံး မြို့ကြီး ၃ မြို့မှာ ဖြစ်ပွားခဲ့ပါပြီ။ နေပြည်တော်မှတပါး တခြားမြို့တွေကိုလည်း ဒီလှုပ်ရှားမှု ကူးစက်ဖွယ် ရှိပါတယ်။



ဒီကနေ့ မန္တလေးအာဏာပိုင်တို့က ဆန္ဒပြမှုနဲ့ ဆက်စပ်တယ်လို့ သူတို့ယူဆသူ အများအပြားကို ခေတ္တ ခေါ်ယူ မေးမြန်း စစ်ဆေးခဲ့ပါတယ်။

ဆန္ဒပြသံပျောက်ကွယ်ရန် တရားခွေ နှင့် သီချင်းများ ဖွင့်




လင်းသန့်


ယခုနှစ် ဖေဖော်ဝါရီလ လှိုင်သာယာ အလုပ်သမား ဆန္ဒပြပွဲတခု

လှိုင်သာယာစက်မှုဇုံတနေရာရှိ အလုပ်သမားတို့၏ အော်ဟစ်ဆန္ဒပြသံများ ဖုံးလွှမ်းသွားစေရေးအတွက် စပယ်ပွင့် အထည်ချုပ်စက်ရုံ ပိုင်ရှင်က သီချင်းများ၊ တရားခွေများ ဖွင့်ထားကြောင်း ထို စက်ရုံရှေ့ ရောက်ရှိနေသော NLD လွှတ်တော် ကိုယ်စားလှယ် ကိုမင်းသူက ပြောသည်။

ကိုမင်းသူက ဆန္ဒပြအလုပ်သမားများအား အကူအညီပေးနေသူဖြစ်သည်။

အသံချဲ့စက်များသုံးကာ ကျယ်လောင်စွာ ဖွင့်ထားခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။

စပယ်ပွင့် နှင့် န၀ဒေး အထည်ချုပ်စက်ရုံ ရှေ့ တွင် အခြေခံ ရပိုင်ခွင့် တောင်းဆိုနေကြသည်မှာ ၉ ရက် ရှိနေပြီဖြစ်ကြောင်း၊ အစိုးရဘက်က လာရောက် ဖြေရှင်းပေးသော်လည်း မပြေလည်ကြောင်း၊ ဆန္ဒပြအလုပ်သမားတို့က ယနေ့မှ စတင်၍ အော်ဟစ် တောင်းဆိုကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

အမျိုးသမီးများ အရိုက်ခံရ
ဆန်းဖလားဝါး အမည်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးဆန္ဒပြမှု ယနေ့စတင်ရာ စက်ရုံပိုင်ရှင်ဘက်ကဟု ယူဆရသူများက ရိုက်နှက်ခဲ့သည့်အတွက် ဒဏ်ရာရသူ အနည်းဆုံး အမျိုးသမီး ၄ ယောက်ရှိသည်ဟု ဆိုသည်။

ပြဿနာများ ပိုမို မကြီးထွားစေရေးအတွက် NLD ရုံးချုပ်တွင် ဦးတင်ဦးက တာဝန်ယူ ဖြေရှင်းပေးနေကြောင်း ကိုမင်းသူက ပြောသည်။

ဆန္ဒပြသူ များပြား
န၀ဒေး၊ စံပယ်ပွင့်၊ ပုလဲ၊ နေမင်းအောင်၊ ဟိုင်မို စသည့် စက်ရုံများက ဆန္ဒပြ အလုပ်သမား စုစုပေါင်း ၅,၀၀၀ ခန့်သည့် ယခုအခါတွင် စက်ရုံများရှေ့ရှိ ကားလမ်းများပေါ် ရှိနေကြောင်း၊ နေပူထဲမှာ ထိုင်ဆန္ဒပြခြင်းများဖြစ်ပြီး ယခုအချိန်ထိ အာဏာပိုင်များဘက်က လာရောက်ဖြေရှင်းပေးသည်ကို မကြားရသေးကြောင်း အလုပ်သမား မမွှေးက ဆက်ပြောသည်။

မှော်ဘီမြို့နယ်ရှိ Yangon Crow သံမဏိ စက်ရုံတွင်လည်း လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ တရားဝင် အလုပ်ပိတ်ရက် သတ်မှတ်ပေးရေး၊ အလုပ်သမား များထံမှ သိမ်းယူထားသည့် နိုင်ငံသား စိစစ်ရေး ကတ်များ ပြန်ပေးရေး၊ လုပ်အားခ တိုးပေးရေး၊ အလုပ်သမား အခွင့် အရေး ရရှိရေး အပါအ၀င် အချက် ၁၃ ချက်ကို တောင်းဆိုခဲ့ရာ အလုပ်ရှင်ဘက်က လိုက်လျောမှု မရှိသေးပေ။

ILO ကို တိုင်ပြီ
ယနေ နေ့လယ်ပိုင်းတွင် ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ( ILO ) ရုံးရှိ တာဝန်ခံ စတိဗ်မာရှယ်ထံသို့ သံမဏိ စက်ရုံ အလုပ်သမား ကိုယ်စားလှယ်များ သွားရောက် တိုင် ကြားကြောင်း အလုပ်သမားအရေး အကူအညီပေးနေသူ ကိုမျိုးမင်းက ပြောသည်။

“အခု စက်ရုံ အလုပ်သမားတွေ ဆန္ဒပြမှုဆက်တိုက်ဖြစ်နေရတာက အခြေခံ လစာ အလွန်နည်းတာနဲ့ အလုပ်သမား ရပိုင်ခွင့်နဲ့ပတ်သက်တာတွေကို ဘာမှ တိတိကျကျ ပြဌာန်း မထားတာတွေ၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကြား ခိုင်မာတဲ့ အလုပ်ရှင်၊ အလုပ်သမားပြဿနာ ပြေလည်ရေး ကော်မတီလို သတ်သတ်မှတ်မှတ် မရှိတာတွေက အဓိက အကြောင်းတွေပဲ” ဟု သူက ဆက်ပြောသည်။

ဘာတွေ တောင်းဆိုကြသလဲ
စပယ်ပွင့်ရှေ့ရှိတွင် ဆန္ဒပြနေသူ အလုပ်သမား ၃၅၀ ခန့် ရှိသည်။ ယနေ့ နေ့လယ် ၁၂ နာရီကျော်က စတင်၍ အော် ဟစ် တောင်းဆို ဆန္ဒပြနေကြခြင်း ဖြစ်သည်။

“ကျမတို့ ဒီကနေ တောင်းဆိုနေတဲ့ကိစ္စက အလုပ်သမားတွေ အကုန်လုံးအတွက် အခြေခံလစာ ၄ သောင်းရယ် ရှားပါး စားရိတ် ၃ သောင်းရယ် အားလုံးပေါင်း ၇ သောင်းပေးဖို့ တောင်းဆိုနေတာပါ” အလုပ်သမား တဦးဖြစ်သူ မဥမ္မာငြိမ်းက ဧရာဝတီကို ပြောသည်။

လှိုင်သာယာ စက်မှုဇုန် ၄ အတွင်းရှိ ပုလဲ အထည်ချုပ်စက်ရုံ ဆန္ဒပြမှုကိုလည်း ယခုထိ အလုပ်ရှင် ဘက်က ပြေလည်ရန် ညှိနှိုင်း ဆောင်ရွက်ပေးမှု မရှိသေး ကြောင်း သိရသည်။

“သူတို့ဘက်ကလည်း မလျှော့တော့ ဒီဘက်ကလည်း စက်ရုံရှေ့မှာ ဒီအတိုင်းပဲ ထိုင်နေ ကြရတာပဲ။ လူဦးရေကတော့ အရင်နေ့ အတိုင်းပဲ။ ၄ - ၅ ရာလောက် ရှိတယ်။ မေ ၁၅ ရက်ကတည်းက ဒီနေ့ထိပဲ။ အလုပ်ရှင်ဘက်က ဘယ်လိုမှ မညှိနှိုင်းပေးဘူး။ အပြင်က အလုပ်သမားတွေကို အထဲကို ၀င်ဖို့ တဆင့်တဆင့် ခေါ် ခိုင်းတာပဲ ရှိတယ်” ဟု ကျန်းမာရေး မကောင်းသည့်ကြားမှ ဆန္ဒပြနေသည့် မမွှေးက ပြောသည်။